သင်္ဃန်းကျွန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်က ရည်မှန်းချက်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ လူငယ်နှင့်ရည်မှန်းချက် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကိုပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာမ မေမြတ်(စန္ဒာနှင့်)စာရေးဆရာမ ကနုတ်ပန်း(ဝတီမြေ)တို့မှ ရည်မှန်းချက်ဟူသည် ခိုင်မြဲဖို့လိုပါတယ်။ လူတစ်ချို့က ကိုယ့်ရည်မှန်းချက်ကို တစ်ပါးသူရဲ့ ဝေဖန် ကဲ့ရဲ့ပြောဆိုမှုအပေါ်မှာပဲ ပျောက်ကွယ်သွားတက်ပါတယ်။ ရည်မှန်းချက်ဆိုတာက ကိုယ်ချလိုက်ပီ ဆိုကထဲက မှားမှားမှန်မှန် လုပ်ဆောင်ရသည့်အရာဖြစ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက် ခိုင်မြဲပီးဆိုတဲ့ အချက်က အလုပ်တစ်ခုပဲဖြစ်ဖြစ် ပြောစရာတစ်ခုပဲဖြစ်ဖြစ်ဘယ်အရာမဆို သင့်ကိုလုပ်ဆောင်စေမှာဖြစ်ပါတယ် စသည်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး ပြည်သူများ ဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ (Talk Show) ဆွေးနွေးပွဲများကို ဆောင်ရွက် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)