မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများစုပေါင်း၍ ကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းခင်း

မိုင်းလုံ   ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများ စုပေါင်း၍ ကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းခင်းခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းခင်းရာတွင် ရပ်ကွက်နေပြည်သူများက မိမိတို့တက်နိုင်သော ငွေအားကိုယ်စီ ထည့်ဝင်ကြပြီး လုပ်အားလည်းတစ်ရက်လျှင် (၂၀)ဦး အလည့်ကျ နေ့စဉ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြားအလှူရှင်များကလည်း ဘိလပ်မြေ၊ သဲနှင့်ငွေများကို ပါဝင်လှူဒါန်းကြ ကြောင်းနှင့် နေ့စဉ်လုပ်အားပေးသောပြည်သူများကိုလည်း အချိုရည်အလှူရှင်များလည်းရှိကြောင်းကို အလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လွင်ထံကသိရပြီး ကွန်ကရစ်လမ်းကို အထူ (၆)လက်မ အရှည် ပေ(၃၀၀)ခန့် ခင်းမည် ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)