မိုင်းပန် ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် ခွင့်ပြုချက်မရရှိဘဲ လယ်ယာမြေအား အခြားနည်းအသုံးမပြုရန် အသိပေးဟောပြောပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အတူ မြို့နယ်အတွင်းရေးမှူး ဦးတင်ကိုလတ်တို့မှ လယ်ယာမြေကို ခွင့်ပြုချက်မရရှိပဲ အခြားနည်းသုံးစွဲခြင်းမပြုကြရန် အသိပေးဟောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ မိုင်းပန်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။
လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော စိုက်ပျိုးမြေများမလျော့နည်းစေရေးနှင့် လယ်ယာမြေအား ဥပဒေနှင့်အညီ စည်းကမ်းတကျ လုပ်ကိုင်တတ်ကြစေရန် ရည်ရွယ်ပြီး ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အတွင်းရေးမှူးထံမှ သိရသည်။
နော်မှိုင်း(ပြန်/ဆက်)