ရန်ကုန် အောက်တိုဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဆက်လက် ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ထိန်းချုပ်ကာကွယ်နိုင်ရေးတို့အတွက် ပိုးတွေ့လူနာနှင့် ထိတွေ့ ခဲ့သည့် Primary contact များအား ထားရှိကာ စောင့်ကြည့်နိုင်ရေးCommunity Based Facilities Quarantine Center များကို ဖွင့်လှစ်ကာ အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောက်လုပ်ရေးဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)၊ သင်္ဃန်းကျွန်းပညာရေးကောလိပ်၊ အ−ထ−က (သုဝဏ္ဏ)၊ အ−ထ−က-(၂)သင်္ဃန်းကျွန်းတို့တွင် Community Based Facilities Quarantine Centerများဖွင့်လှစ်ဆောင်ရွက်ထားရှိခဲ့ပြီး အ−လ−က(၆)သင်္ဃန်းကျွန်းတွင် ငါးခုမြောက် Quarantine Center ဖွင့်လှစ်နိုင်ရေးအတွက်ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် စည်ပင် သာယာရေးကော်မတီမှ ရှင်းလင်းဆောင်ရွက်ပေးခြင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့်ကော်မတီဝင်တို့က သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များဖြည့်ဆည်း နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)