သာကေတမြို့နယ်တွင် Community Based Facility Quarantine Center များအား ထားရှိ ဆောင်ရွက်ထားမှုများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းတွင်ဖွင့်လှစ်ထားရှိထားသော Community Based  Facility Quarantine Center များထားရှိဆောင်ရွက်ထားမှုများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းအားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ နေပြည်တော်မှ အထောက်အကူပြုအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်း ကော်မတီဥက္ကဌ ဦးစိုးလင်းထိုက် ဦးဆောင်သော အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်းကာ ယနေ့နံနက်ပိုင်းမှစတင်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဦးသိန်းတန်၊ ဒေါက်တာဖြူဖြူသန့်၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် ဒု-ခရိုင်ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင်နှင့် အရှေ့ပိုင်းခရိုင်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များမှ သာကေတမြို့နယ် အတွင်း တွင်ဖွင့်လှစ်ထားသော Community Based  Facility Quarantine Center များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းအားဖြည့် ဆောင်ရွက်နိုင်ရန်အတွက် ကူညီ ဆောင်ရွက်ပေးခဲ့သည်။

ကိုဘုန်း(ပြန်/ဆက်)