သင်္ဃန်းကျွန်းမြို့နယ်တွင်Mask မတပ်ဘဲ အိမ်အပြင်ထွက်သွားလာသူများကို စတင်အရေးယူ

ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဆက်လက် ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ထိန်းချုပ်ကာကွယ်နိုင်ရေးတို့အတွက် အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ၊မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊မြို့နယ် လူဝင်မှုကြီးကြပ် ရေး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက် ဂဖူးကွေ့ဈေး အနီး၌ mask မတပ်ဆင်ဘဲ အိမ်အပြင်ထွက် သွားလာ နေသူများကို mask တပ်ဆင်ပေးပြီး အသိပညာပေး များ ပြောကြားခဲ့ကာ ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်စေခြင်း ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)