လေပြင်းတိုက်ခတ်မှုကြောင့် သထုံရွှေစာရံစေတီတော်ဝင်းအတွင်းရှိ ဗောဓိညောင်ပင် အကိုင်းများ ကျိုးပဲ့ကျမှုဖြစ်ပွား

သထုံ     ဇွန်    ၁၁

မွန်ပြည်နယ်၊ သထုံမြို့တွင်  ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး အနောက်ဖက်မုခ်အနီးရှိ ဗောဓိညောင်ပင်၏ ပင်မအကိုင်းများ ကျိုးပဲ့ပြိုလဲပြီး ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗောဓိညောင်ပင် ကျိုးပဲ့ပြိုကျမှုကြောင့် စေတီတော်ဝင်းအပြင်ဘက် ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေးရှိ ဓာတ်တိုင်တစ်တိုင်ပြိုလဲပြီး အဆိုပါဓာတ်တိုင် ထိခိုက်မှုကြောင့် မီနီအိုးဝေယာဉ်မောင်းတစ်ဦး မစိုးရိမ်ရဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း စေတီဝင်းအတွင်းဘက်သို့ ပြိုကျမှုကြောင့် ညောင်ပင်ဘေးရှိနေလစေတီ၏ ထီးတော်နှင့် ကြာမှောက်ကြာလှန် အနည်းငယ်ပျက်စီးခြင်း၊ စောင်းတန်းအုတ်တံတိုင်း အနည်းငယ်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဗောဓိညောင်ပင်ပြိုလဲရာသို့ သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအဖွဲ့များပူးပေါင်းကာ အမြန်ဆုံး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)