သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့ပေးအပ်

သာစည် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများ၏ သား/သမီးများအား၂၀၂၃-၂၀၂၄  ပညာသင်နှစ်  ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်ဒုတိယဦးစီးမှူးများ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက တက္ကသိုလ်အဆင့် ကျောင်းသား/သူ ၇ ဦး၊ အထက်တန်းအဆင့်ကျောင်းသား/သူ ၉ ဦး၊  အလယ်တန်းအဆင့် ကျောင်းသား/သူ  ၁၂  ဦးနှင့် မူလတန်းအဆင့်ကျောင်းသား/သူ  ၂၉ ဦး စုစုပေါင်းကျောင်းသား/သူ  ၅၇  ဦးနှင့် ၂၀၂၃ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်သည့် ကျောင်းသားတစ်ဦးတို့အားပညာသင်ထောက်ပံ့ကြေးငွေများနှင့် ငွေကျပ် ၁၇၀၀၀၀ ဖိုးရှိ ကျောင်းသုံး စာရေးကိရိယာများထောက်ပံ့ပေးအပ်သည်။ ပညာသင် ထောက်ပံ့ကြေးပေးအပ်ရာတွင် တက္ကသိုလ် အဆင့်တစ်ဦးလျှင်  ငွေကျပ် ၃၀၀၀၀၊  အထက်တန်းအဆင့်တစ်ဦးလျင်ငွေကျပ် ၂၅၀၀၀၊ အလယ်တန်းအဆင့်  တစ်ဦးလျှင်   ငွေကျပ် ၂၀၀၀၀၊  မူလတန်းအဆင့်  တစ်ဦးလျင် ငွေကျပ်  ၁၅၀၀၀ နှုန်းတို့နှင့်   ဂုဏ်ထူးရကျောင်းသားအား ငွေကျပ် ၅၀၀၀၀ တို့ထောက်ပံ့ပေးခဲ့ ကြောင်းသိရသည်။ ထို့နောက်တက်ရောက်လာသူများအား ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးခဲ့ ကြောင်းသိရသည်။

အဆိုပါပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီးများ တက်ရောက်ခဲ့ ကြောင်းသိရသည်။ 

မြို့နယ်ပြန်/ဆက်