ဂွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်

ဂွ   ဇွန်   ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်များ ထိုးနှံရမည့် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ဇွန်လ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ (ဂွမြို့)၊ ကျိန္တလီတိုက်နယ်ဆေးရုံဝင်း၊ ဆပ်သွား၊ ကုလားပြင်၊ ညောင်ချောင်း၊ တောင်ပေါက် ကျေးရွာများရှိ ကျေးလက်ကျန်းမာ ရေးဌာနတို့တွင်ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီမှစတင်ကာ ထိုးနှံပေးသွားမည်ဖြစ်သည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ပဉ္စမအကြိမ်၊  တတိယအကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသူများအား စတုတ္ထအကြိမ်၊ ဒုတိယအကြိမ်ထိုးပြီး (၆)လပြည့်ပြီးသူများအား တတိယအကြိမ်နှင့် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်သူများ ပါဝင်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်