ကျိုက်မရော၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော   ဇွန်  ၁၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးရာသီ၌အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် အ.ထ.က တရနာကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားစေနိုင်သည့် ခြင်များပေါက်ဖွားစေနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာမများ  ဦးဆောင်၍ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ကြက်ခြေနီတပ်ဖွဲ့များ ပြည်သူများက တရနာကျေးရွာ အ.ထ.က ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေပုံးများ၊ သောက်ရေအိုးများ၊ ဘုရားပန်းအိုးများရှိ ပိုးလောက်လမ်းများ မခိုအောင်းနေစေရန် အဘိတ်ဆေးများခပ်ပေးခြင်း၊ ခြင်ဆေးများ ဖြန်းပေးခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)