ပြင်ဦးလွင် ဇွန် ၁၁
မန္တလေးတိုင်ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသော ၂၀၂၃ ခုနှစ် ၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင် ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားသည်။
ယနေ့ ဒုတိယနေ့ပွဲစဉ်များအဖြစ် နံနက်ပိုင်းတွင် အုပ်စုပွဲစဉ်များ၊ နေ့လယ်ပိုင်းတွင် ရှုံးထွက်ပွဲစဉ်များ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်များ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ပွဲစဉ်အသီးသီးယှဉ်ပြိုင်နေမှုများအား လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် ၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၁၀-၆-၂၀၂၃) ရက်နေ့မှ (၁၂-၆-၂၀၂၃) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုကြေးအားဖြင့် ပထမဆု သုံးသိန်း၊ ဒုတိယဆုနှစ်သိန်း၊ တတိယဆုတစ်သိန်းနှင့် နှစ်သိမ့်ဆု ငါးသောင်းကျပ် နှင့် အသင်းအလိုက် ဒိုင်းဆုနှင့် ဆုတံဆိပ်များကို (၁၂-၆-၂၀၂၃) ရက်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )