သီပေါ ဇွန် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မိုင်းခေးကျေးရွာအုပ်စု၊ မိုင်းခေးကျေးရွာ၌ မြေငှားဂရန်များပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကျေးရွာမြေငှားဂရန်များကို ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိနှင့် မိုင်းခေးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး တို့ကမြေငှားဂရန်(၁၅၀)ခုတို့အား ကျေးရွာပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြောင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကျေးရွာနေပြည်သူ (၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မိုင်းခေးကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)