၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသော ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံး ဝန်ထမ်းသား/သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ကျိုင်းတုံ ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၁၁ ရက် နံနက် နာရီက ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အမှာစကားပြောကြားသည်။  ထို့နောက်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးဝန်ထမ်းသား/သမီး တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ မူကြိုအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးအား ပညာသင်ထောက်ပံ့ကြေးနှင့် ဝန်ထမ်းများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ် သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)