ငါန်းဇွန်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ငါန်းဇွန်    ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီမှ စ၍ ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၃.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းဖြေ(၂၄)ဦး၊ အလွတ်ဖြေ (၂၁၇)ဦး၊ စုစုပေါင်းဖြေဆိုသူ (၂၄၁)ဦးရှိပြီး ကျောင်းဖြေအောင်မြင်သူ(၁၇)ဦး၊ အလွတ်ဖြေ အောင်မြင်သူ (၁၆၁)ဦး စုစုပေါင်းအောင်မြင်သူ (၁၇၈)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း (၇၃.၈၆%)ရှိကြောင်းနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်(၄၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃၄)ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင် (၁၀)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)