ဝမ်းတွင်းမြို့နယ်၌ နှစ်ပတ်လည် သံဃဝန်ဆောင် အစည်းအဝေး အခမ်းအနားကျင်းပ

ဝမ်းတွင်း  ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နှစ်ပတ်လည် သံဃဝန်ဆောင် အစည်းအဝေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး  မြို့နယ်ဩဝါဒစရိယ ကျောင်သစ်ကျောင်း ဆရာတော် ဦးဝိမလမှ  ဩဝါဒကထာမြွက်ကြားခဲ့သည်။ ထို့နောက် အတွင်းရေးမှူးဆရာတော်မှ ယခုနှစ်အစီရင်ခံစာ ဆိုင်ရာများ(အကျဉ်းချုပ်)ကို တင်ပြလျှောက်ထားခဲ့ပြီး ခရိုင်သာသာနာရေးမှူး ဦးစိုင်းထွန်းလွင်ဦးမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်များမှ သာသာရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဦးနန္ဒာစရိယ မြဘုန်းရှင်(တိုင်းဝန်ဆောင်)က နိဂုံးချုပ်စကား မြွက်ကြားလျှောက်ထားခဲ့ကာ  ရဟန်းသံဃာ သူတော်စင်သူတော်ကောင်းအပေါင်းမှ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ နှစ်ပတ်လည် သံဃဝန်ဆောင် အစည်းအဝေး အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ်ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်ကြီးနှင့် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)