နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ ငလျင်ဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

နွားထိုးကြီး ဇွန် ၉

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ငလျင်ဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငလျင် ဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဆွေဇင်မြင့်မှ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ၊ မြန်မာနိုင်ငံ၏ ငလျင်ဇုန်များ၊ ငလျင်ပြင်းအားများ ငလျက်ဘေးဖြစ်ပေါ်ပြီးနောက် ရှောင်ရှားရမည့် အချက်များ၊ အရေးပေါ်သုံးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်