နမ့်ခမ်းမြို့၌ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ စုပေါင်း၍ မိုးရာသီစုပေါင်း သစ်ပင်စိုက် ပျိုးပွဲတော်ကျင်းပဆောင်ရွက်

နမ့်ခမ်း       ဇွန်      ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဂေါက်ကွင်းအနီး၊ နဝရတ်ရိပ်သာဝင်း  ကွင်းပြင်နေရာ၌ ယနေ့နံနက် (၉) နာရီအချိန်က  မြို့နယ်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ စုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပကာ သစ်ပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ၊ ဒေသတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ နမ့်ခမ်းမြို့ပြည်သူများ တက်ရောက်ခဲ့ ပြီး အခမ်းအနားပွဲတော်တွင် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်လင်းမိုး၊  မူဆယ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်၊ နမ့်ခမ်းမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းညွန့်တို့က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ကြသူများအား ပျိုးပင်များ ပေးအပ် ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများ တို့နှင့်အတူ စုပေါင်းသစ်ပင်စိုက်ပျိုးပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ မန်ဝိုင်၊ မယ်ဇလီ၊ အော်ရေးရှား၊ ဆူးထင်းရှူး စသည့်ဒေသရာသီဥတုနှင့် သင့်လျော်သော ဒေသပေါက်ပင်၊ အရိပ်ရပင် စုစုပေါင်း ပျိုးပင်ပေါင်း (၃၀၀)ပင်အား ၂၀၂၃-ခုနှစ်အတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးနိုင်ခဲ့ ကြောင်းသိရသည်။

သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသစိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှု ကာကွယ်နိုင်ရေးတို့အတွက် ပြည်သူတိုင်းမှ သစ်တော သစ်ပင်များကို ချစ်မြတ်နိုးတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းလိုသောစိတ်ဓာတ် ထာဝစဥ်ရှင် သန်စေရန် ရည်ရွည်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသအတွင်းရှိ ပြည်သူများနှင့် ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားဆောင်ရွက်မှုများကို နှစ်စဥ်နှစ်တိုင်းပြုလုပ်ကာ သစ်ပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နမ့်ခမ်း (ပြန်/ဆက်)