သာကေတ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၊သာကေတမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ယနေ့နံနက် (၁၀:၀၀)နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းကာ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ခေါင်းစဥ်ဖြင့် (Talk Show) ဆွေးနွေးပွဲကို ရိုက်ကူး၍ သာကေတမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် page တွင်လွှင့်တင်ပြီး ပြည်သူများအား Online မှတစ်ဆင့် ကလေးအလုပ်သမားဆိုင်ရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲ၌သာကေတမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဆောင်း နှင်းဖြူနှင့် အလုပ်ရုံ နှင့်အလုပ်သမား ဥပဒေစစ်ဆေး ရေးဦးစီးဌာန ၊ ဦးစီးအရာရှိ (အလုပ်သမားဥပဒေစစ်ဆေးရေး) ဒေါ်ဝင်းရတနာဦးတို့မှ ကလေးအလုပ်သမား အဓိပ္ပါယ်နှင့်အသက်အရွယ် ပိုင်းခြားသတ်မှတ်ချက်၊ ကလေးသူငယ်များအရွယ်မတိုင်မီ လုပ်ငန်းခွင်သို့ရောက်ရှိရခြင်းအကြောင်းရင်း၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လုပ်ငန်းခွင်သို့ရောက်ရှိလုပ်ကိုင်နေသည့် ကလေးအလုပ်သ မားများအား ဘေးအန္တရာယ်ကင်းရှင်းစွာလုပ်ကိုင်နိုင်ရန် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေအရကာကွယ်မှုများ၊ Child Labour Convention ၏ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားများအား အဆိုးရွားဆုံးခိုင်းစေခြင်း ပုံစံများ၊ ကလေး အလုပ်သမားနည်းပါးပပျောက်ရေးအတွက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များအားအပြန်အလှန် မေးမြန်းရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)