ကျောက်ဆည် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် B-31 ဝါမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် သင်္ဂတုံကျေးရွာ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင် (၁၇)ဧက၊ ကလေး ကျေးရွာ တောင်သူ(၃)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ မှိုင်းပန်ကျေးရွာ တောင်သူ(၁၉၅)ဦး၏ စိုက်ပျိုးမြေ များတွင်(၆၇၅)ဧက၊ ရှမ်းတောင်ဦးကျေးရွာ တောင်သူ(၃၀)ဦး၏ စိုက်ပျိုးမြေများ တွင်(၁၀၄)ဧက၊ ရဲဘော်ကြီး ကျေးရွာ တောင်သူ(၇၅၆)ဦး၏ စိုက်ပျိုးမြေများတွင်(၁၇၂၇)ဧက၊ သပြေဝန်းကျေးရွာ တောင်သူ(၁၆)ဦး၏ စိုက်ပျိုးမြေများတွင် (၅၀)ဧက၊ သပြေဦးကျေးရွာ တောင်သူ(၄၀) ဦး၏ စိုက်ပျိုးမြေများတွင်(၁၀၀)ဧက၊ ရဲယမန်း ကျေးရွာတောင်သူ(၁၅၇၆)ဦး၏ စိုက်ပျိုးမြေ များတွင်(၃၅၃၉)ဧက၊ သံရွာကျေးရွာ တောင်သူ(၂၉)ဦး၏ စိုက်ပျိုး မြေများတွင်(၅၀)ဧက၊ ပေါင်လောင်ကျေးရွာ တောင်သူ(၂၀၁)ဦး၏ စိုက်ပျိုးမြေများတွင်(၇၀၂)ဧက၊ တောင်တော် ကျေးရွာ တောင်သူ (၇၀)ဦး၏ စိုက်ပျိုးမြေများတွင်(၂၄၆)ဧက၊ ကုလားကျောင်းကျေးရွာ တောင်သူ(၂၁)ဦး၏ စိုက်ပျိုးမြေများတွင် (၇၂)ဧက၊ ကင်းကျေးရွာ တောင်သူ(၁၃၇)ဦး၏ စိုက်ပျိုးမြေများတွင် (၁၇၂)ဧက တို့တွင် ချည်မျှင်ရှည်ဝါသီးနှံများ စိုက်ပျိုးနိုင်ရေး ရွှေတောင်(၈)ဝါမျိုးစေ့(၁၃၃၀၅)ပိဿာ၊ ရွှေတောင် (၁၀) ချဉ်မျှဉ်ရှည် ဝါမျိုးစေ့(၇၂၈၇)ပိဿာ၊ B-31 ဝါမျိုးစေ့ (၄၅၀)ပိဿာ စုစုပေါင်း ဝါမျိုးစေ့ (၂၁၀၄၂)ပိဿာတို့အား တောင်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
ချည်မျှင်ရှည်ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တောင်သူများချဉ်မျှင်ရှည်ဝါစိုက်ပျိုးရန်အတွက် မြေပြုပြင်ချိန်မှစ၍ စိုက်နည်းစနစ်များနှင့် အပင်သက် တမ်းအလိုက် ဆောင်ရွက်သွားရမည့် သွင်းအားစုနည်းပညာအချက်အလက်များအား စနစ်တကျ ပံ့ပိုးကူညီ ပေးလျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)