တကောင်း ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို ဇွန်လ (၉)ရက်နေ့၊ နံနက်(၆)နာရီတွင် အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန်ထားကြောင်းသိရသည်။
အ.ထ.က (တကောင်း)စာစစ်ဌာနတွင် ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိ (၁၃၁)ဦး၊ ဖြေဆိုသူ(၁၁၈)ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ (၆၉)ဦးရှိပြီး (၅၈.၄၇) ရာခိုင်နှုန်းအောင်မြင်ကာ (၁)ဘာသာဂုဏ်ထူး(၁၅)ဦး၊ (၂) ဘာသာဂုဏ်ထူး(၅)ဦးစုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ဂုဏ်ထူးရရှိကာ ရိုးရိုးအောင်မြင်သူ ( ၄၉)ဦးရှိကြောင်း အ.ထ.က (တကောင်း) ကျောင်းအုပ် ဆရာမကြီး ထံမှသိရသည်။
သီရိ