မိုးကုတ် ဇွန် ၉
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း ၇၄.၂၁% ရှိကြောင်း သိရှိရသည်။
မိုးကုတ်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (၁)စာစစ်ဌာန၌ ကျောင်းဖြေ (၁၂)ဦး၊ အလွတ်ဖြေ (၁၄၇)ဦး စုစုပေါင်းကျောင်းသား/ သူ (၁၅၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ စာမေးပွဲအောင်မြင်သူ (၁၁၈) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၇၄ . ၂၁% ရှိကြောင်းနှင့် (၆) ဘာသာဂုဏ်ထူး (၂) ဦး၊ (၅) ဘာသာဂုဏ်ထူး (၁) ဦး၊ (၄) ဘာသာဂုဏ်ထူး (၅)ဦး၊ (၃) ဘာသာဂုဏ်ထူး (၄) ဦး၊ (၂) ဘာသာဂုဏ်ထူး (၁၅) ဦး၊ (၁) ဘာသာဂုဏ်ထူး (၂၈) ဦး စုစုပေါင်းဂုဏ်ထူးရရှိသည့် ကျောင်းသား/သူ (၅၅)ဦးနှင့် ရိုးရိုးအောင်မြင်သည့် ကျောင်းသား/သူ (၆၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)