မတ္တရာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

မတ္တရာ    ဇွန်  ၉

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လကကျင်းပ ပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနပြုလုပ်ခဲ့သည့် ကျောင်းများတွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၄၃၄)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၃၀၃)ဦး အောင်မြင်ခဲ့ကာ (၅)ဘာသာ(၄)ဦး၊ (၄)ဘာသာ(၁၃)ဦး၊ (၃)ဘာသာ (၂၆) ဦး၊ (၂) ဘာသာ(၂၇)ဦး နှင့် (၁)ဘာသာ(၆၄)ဦး  တို့မှာ ထူးချွန်စွာအောင်မြင်ခဲ့ကြသည်။ ဘာသာရပ် အလိုက်ဂုဏ်ထူး ရရှိသူများမှာ မြန်မာစာ(၁၁)ဦး၊ အင်္ဂလိပ်စာ(၂)ဦး၊ သင်္ချာ(၂၃) ဦး၊ ဓာတုဗေဒ (၃၇) ဦး၊ ရူပဗေဒ(၆၈)ဦး၊ ဇီဝဗေဒ (၁၀၃)ဦး၊ ပထဝီ(၁)ဦး၊ သမိုင်း(၃)ဦးနှင့် ဘောဂဗေဒ(၂၃)ဦးရှိကြောင်းသိရပြီး  အောင်ချက်ရာခိုင်နှုန်းမှာ (၆၉.၈၁) ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)