စဉ့်ကူး ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ ယနေ့တွင်ထုတ်ပြန်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၆၃ ဒဿမ ၉၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက(စဉ့်ကူး)နှင့် အ.ထ.က (ရွှေပြည်) စာစစ်ဌာန (၂) ခု ၌ ကျောင်းသား၊ ကျောင်းသူ (၃၃၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၂၁၆) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၆၃ ဒဿမ ၉၁ ရာခိုင်နှုန်းရှိကာ (၁)ဘာသာဂုဏ်ထူး (၅၄) ဦး၊ (၂)ဘာသာဂုဏ်ထူး (၁၉) ဦး၊ (၃) ဘာသာဂုဏ်ထူး (၉) ဦး၊ (၄)ဘာသာဂုဏ်ထူး (၂) ဦး၊ (၅)ဘာသာဂုဏ်ထူး (၁) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈၅)ဦး ဂုဏ်ထူးရရှိခဲ့ကာ ရိုးရိုးအောင်မြင်သူ (၁၃၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)