လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာထားရာလှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲအောင်စာရင်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၈၅)ဦး အောင်မြင်ကြောင်းကို ယနေ့နံနက် ၄ နာရီ၌ ထုတ်ပြန်ကြေညာလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်စာစစ်ဌာန ဆသယမှ ထုတ်ပြန်ထားသော တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရရှိသူဦးရေ(၃)ဦး ဆသယ (၃၉) မောင်ထိန်လင်းဦး၊ ဆသယ(၁၅၀) မပန်းနုဖြူနှင့် ဆသယ(၇၃၂) မောင်အာကာမင်းမင်း တို့မှာလေးဘာသာဂုဏ်ထူးရှင်များဖြစ်ကြပြီး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၊ တစ်ဘာသာဂုဏ်ထူးရှင်များ စုစုပေါင်း (၅၈၅)ဦးတို့သည် ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုအောင်မြင်လျက်ရှိကြောင်းကို လှိုငိသာယာ(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်၀င်းမူ (ပြန်/ ဆက်)