ဒဂုံမြောက် ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခြင်းကို ဇွန် ၉ ရက်နေ့တွင် အခြေခံပညာဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တစ်နိုင်ငံလုံးထုတ်ပြန်ကြေညာရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ အသီးသီးထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများလာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာန(၂)ခု၌ စာမေးပွဲဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ ၉၀၁ ဦးတွင် ဖြေဆိုသူပေါင်း ၈၁၁ ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ(၄၈၄)ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ ဖြေဆိုအောင်မြင်သူများတွင် ငါးဘာသာဂုဏ်ထူးရှင် (၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၃၀)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၉၃)ဦး စုစုပေါင်း(၁၅၂)ဦးရှိပြီး ရိုးရိုးအောင်မြင်သူ (၃၃၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသတင်းရရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအဆင်ပြေကြည့်ရှုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကလိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ