ကျောက်တန်းမြို့နယ်၌ ၂၀၂၃ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းထုတ်ပြန်

ကျောက်တန်း ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို  ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။       

ယနေ့နံနက်ပိုင်းက အောင်စာရင်းထုတ်ပြန်ခဲ့ရာ ဖြေဆိုသူ(၄၄၈)ဦးတွင် အောင်မြင်သူ (၂၈၂)ဦးအောင်မြင်ခဲ့ပြီး(၆) ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၄)ဘာသာ(၁၁)ဦး၊ (၃)ဘာသာ(၈)ဦး၊(၂)ဘာသာ(၂၇)ဦး၊ (၁)ဘာသာ(၅၈)ဦး၊ စုစု‌ ပေါင်းဂုဏ်ထူးရှင် (၁၀၉)ဦးနှင့် ရိုးရိုးအောင်(၁၇၃)ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၆၂.၉၅%) ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)