မောင်တော ဇွန် ၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းကို ယနေ့နံနက် ၆ နာရီအချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများတွင် ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၃၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင် ၄၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိခဲ့ပြီး အောင်ချက် ၁၂ ဒသမ ၅၃ ရာခိုင်နှုန်း မြင့်မား လာ ကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မောင်တောမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၉၆၁)ဦးရှိခဲ့ပြီး အောင်မြင်သူ (၄၆၉) ဦးရှိကာ အောင်ချက် ရာခိုင်နှုန်း ၄၈ ဒသမ ၈၀ ရာခိုင် နှုန်းရှိကြောင်းနှင့် မောင်တောမြို့နယ်အတွင်း သုံးဘာသာ ဂုဏ်ထူးရှင် ၁၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆၄ ဦးရှိပါရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)