၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်မှုစာရင်း‌ ကော့မှူး၌ထုတ်ပြန်

ကော့မှူး ဇွန် ၉

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှုစာရင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူ ကျား(၁၄၅)ဦး၊ မ(၁၉၅)ဦး၊ စုစုပေါင်း(၃၄၀) ဝင်ရောက်ဖြေဆိုရာအောင်မြင်သူ ကျား(၈၇)ဦး၊ မ(၁၃၆)ဦးစုစုပေါင်း(၂၂၃)ဦးတွင် (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၄၉)ဦး စုစုပေါင်း(၆၃)ဦး ဂုဏ်ထူးပါဝင်ခဲ့ကြပြီး အောင်ချက်ရခိုင်နှုန်း ၆၅.၅၉ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကျော်သူရ (ကော့မှူး)