ကွမ်းခြံကုန်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင် စာရင်းကို ယနေ့နံနက်ပိုင်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန် ကြေငြာထားလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက အောင်စာရင်း ထုတ်ပြန်ခဲ့ရာဖြေဆိုသူ (၃၃၈)ဦးတွင်အောင်မြင်သူ (၂၈၄)ဦးမှာ (၅)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၄)ဘာသာ(၈)ဦး၊ (၃)ဘာသာ(၂၂)ဦး၊ (၂)ဘာသာ(၃၆)ဦး၊ (၁)ဘာသာ(၇၀)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၁၄၂)ဦးနှင့်ရိုးရိုးအောင် (၁၄၂)ဦးရှိကာအောင်ချက်ရာခိုင်နှုန်းအားဖြင့် (၈၄•၀၂ %) ရှိကြောင်း၊ သိရသည်။
ဆွေနွယ် (ပြန်/ ဆက်)