ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

ကွန်ဟိန်း ဇွန် ၉

၂၀၂၃ ခုနှစ်၊ မတ်လကကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် (၁၄.၅၅) ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန(၁)ခုရှိပြီး စားမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၃၃)ဦး၊ ဖြေဆိုအောင်မြင်သူဦးရေ (၁၈)ဦးရှိရာ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင်(၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)