မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ကြေညာ

မိုင်းဆတ် ဇွန် ၉

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဆတ်)တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းမှ ဖြေဆိုသူ (၂)ဦးနှင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ (၁၃၆)ဦး စုစုပေါင်း (၁၃၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ကျောင်းတွင်းမှ ဖြေဆိုအောင်မြင်သူ (၁)ဦးနှင့် ပြင်ပမှ ဖြေဆိုအောင်မြင်သူ (၇၉)ဦး၊ စုစုပေါင်း(၈၀)ဦး အောင်မြင်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူများအနက် (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၃)ဦးနှင့် (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၄)ဦးရှိပြီး အ.ထ.က(မိုင်းဆတ်)စာစစ်ဌာန၏ အောင်ချက်ရာခိုင်နှုန်းမှာ (၅၇ ဒဿမ ၉၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)