တန့်ယန်း ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက လူငယ်စကားဝိုင်း ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း သိကောင်းစရာများအား နဝမတန်း ကျောင်းသား/ ကျောင်းသူများဖြစ်ကြသည့် မအေးအေးမိုး၊ မောင်ဆေးဖွေး၊ မောင်စိုင်းအောင်ကြင်၊ မောင်ခွန်ဘုန်းမြင့်မိုရ်၊ မစုမြတ်မွန်မွန်တို့က ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)