နမ့်စန်မြို့ တိန်းချောင်းသဘာဝတရားရိပ်သာရှိ သံဃာတော်များနှင့် သက်ကြီးဘိုးဘွားများအတွက် ဟင်းသီးဟင်းရွက် မျိုးစုံပေးအပ်လှူဒါန်း

နမ့်စန်(တ)    အောက်တိုဘာ   ၈

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမအသင်း အဖွဲ့များက စုပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက နမ့်စန်-ခိုလမ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ တိန်းချောင်းသဘာဝတရားရိပ်သာသို့ ဟင်းသီးဟင်းရွက်မျိုးစုံတို့အား သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမ အသင်းစု ၊ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း နှင့် အငြိမ်းစား ငွေစုငွေချေး သမဝါယမအသင်းတို့က တိန်းချောင်းသဘာဝတရားရိပ်သာရှိ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ကျောင်းသားကျောင်းသူများအတွက် စုပေါင်းလှူဒါန်းသော အာလူး ၊ ဘူးသီး၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီး ၊ ဂေါ်ဖီထုပ် ၊ ပဲသီး၊ ကြက်ဥ၊ ကြက်သွန်နီနှင့် ဟင်းရွက်မျိုးစုံကို သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်ဆယ်၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းနှင့် ဝန်ထမ်းများက သွားရောက် ပေးအပ်လှူဒါန်းခဲ့ပြီး တိန်းချောင်းသဘာဝတရားရိပ်သာမှ တာဝန်ခံ ဆရာတော်က ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

သူရအောင်(ပြန်/ဆက်)