လားရှိုး ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများတွင် ထုတ်ပြန်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စိတ်အေးချမ်းသာစွာ လာရောက်ကြည့်ရှုကြသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် လားရှိုးမြို့နယ်အနေဖြင့် ကျား (၃၆၉)ဦး၊ မ (၅၆၄)ဦး၊ စုစုပေါင်း (၉၃၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ကျား(၂၆၂)ဦး၊ မ(၃၉၈)ဦး၊ စုစုပေါင်း (၆၆၀)ဦး ဖြေဆိုအောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ (၇၁)ရာခိုင်နှုန်း ဖြစ်သည်။
လားရှိုးခရိုင်အနေဖြင့် ကျား (၄၀၁)ဦး၊ မ(၆၄၉)ဦး၊ စုစုပေါင်း (၁၀၅၀)ဦး ဝင်ရောက်ဖြေဆိုရာ ကျား(၂၇၆)ဦး၊ မ(၄၅၃)ဦး၊ စုစုပေါင်း (၇၂၉)ဦး အောင်မြင်ခဲ့ပြီး၊ ငါးဘာသာဂုဏ်ထူးရှင် (၉)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၉၅)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့် ဝင်ရောက်ဖြေဆိုသူ (၃၃၁၅)ဦးရှိပြီး (၂၃၆၆)ဦး ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် အောင်ချက်အနေဖြင့် (၇၁.၃၇)ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တစ်ခုလုံးတွင် အောင်ချက်အမြင့်ဆုံးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှုးထံမှ သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)