ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားစေတီတော်ကြီး မိုးကြိုးထိခဲ့သည့်နေရာ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့် ရွှေသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရေး ညှိနှိုင်းစည်းဝေး

ညောင်ဦး  ဇွန် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဧရာဝတီ မြစ်ကမ်းပါးထိပ်တွင်တည်ရှိသည့် ဗူးဘုရားစေတီတော်ကြီး မိုးကြိုးထိခဲ့ခြင်းကြောင့် ရှေးမူမပျက်အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးနှင့် မိုးကြိုးထိခဲ့သည့်နေရာအချို့ရွှေသင်္ကန်း ပြန်လည်ကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဗူးဘုရားစေတီတော်ဂေါပကအဖွဲ့ ရုံးခန်း၌ပြုလုပ်ခဲ့ကြောင်းသိရ သည်။

ရှေးဦးစွာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ဗူးဘုရားစေတီတော်ကြီး မိုးကြိုးအနည်းငယ်ထိခဲ့သည့်နေရာများ ရှေးမူမပျက် အမြန်ပြန်လည်ပြုပြင်နိုင်ရေးနှင့် ရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရေးတို့အား အမြန်ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားပြီး ဗူးဘုရားဂေါပကဥက္ကဋ္ဌ ဦးဌေးလွင်က ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗူးဘုရားစေတီတော် မိုးကြိုးခဲ့သည့်နေရာများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဓာတုဗေဒဌာနစိတ်မှ ဝန်ထမ်းများ၊ ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဝန်ထမ်းများက မိုးကြိုးခဲ့သည့်နေရာများကို ပြုပြင်နေမှုတို့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးကျော်မျိုးဝင်း(ညွှန်ကြားရေးမှူး)နှင့်ဒုတိယ ညွှန်ကြားရေးမှူးများ၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးသိန်းအောင်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် သာသနာရေးဦးစီးဌာနမှ ခရိုင်သာသာနာရေးမှူး ဦးနေလင်းသိန်းနှင့်ဝန်ထမ်းများ၊မှ မိုးကြိုးထိမှန်ခဲ့သည့်နေရာများပြုပြင်နေမှုနှင့် ပြုပြင်ပြီးစီးသည့်နေရာများ ရွှေသင်္ကန်းကပ်လှူနိုင်ရေးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း