တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံ ဂုဏ်ထူးရှင် ၄ ဦး အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၇၁ ဦး အောင်မြင်

တောင်ဥက္ကလာပ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်း စာစစ်ဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၇၁ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် စာစစ်ဌာန(၂)ခု၌ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၀၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၇၁ ဦးဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၆၇.၂၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊  (၄)ဘာသာ ဂုဏ်ထူးရှင်(၂၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၃)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၄၁) ဦး နှင့် (၁)ဘာသာ ဂုဏ်ထူးရှင် (၉၅) ဦး ရှိပြီး ဂုဏ်ထူးရရှိသည့်ဘာသာများမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သီတာအေး(ပြန်/ ဆက်)