ပေါင် ဇွန် ၉
၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၇၀ ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ပေါင်)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၃၉၆ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၇၀ ဦးအောင်မြင်ခဲ့သည်။
အောင်မြင်မှုများတွင် ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၂ ဦး စုစုပေါင်း ၉၉ ဦးဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၆၈.၁၈ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်(ပြန်/ဆက်)