ပင်လုံ ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အထက(ပင်လုံ)စာစစ်ဌာန၌ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၇၁ ဦး ဖြေဆို အောင်မြင်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့တွင် စာစစ်ဌာန၌ အတွင်းဖြေ/ ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၇၁ ဦး ဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၆၁.၇၄ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် ၅ ဦးတို့ဖြင့် ထူးချွန်အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)