ကျိုက်ထို ဇွန် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ၊ မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်အတွင်း ၄၀၄ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၄ ခုတွင် ကျောင်းသား ကျောင်းသူ ၆၁၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၀၄ ဦး အောင်မြင်ခဲ့သည်။
အောင်မြင်မှုများတွင် ငါးဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၀၀ ဦး စုစုပေါင်း ၁၅၉ ဦးဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်းမှာ ၆၅.၃၇၂ ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်ထိုပြန်/ဆက်