ရန်ကုန် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ ညနေပိုင်းတွင် တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ခင်စမ်းရီက ပညာရေးမိသားစုမှ လှူဒါန်း ငွေကျပ်(၃၀၀၀၀၀/−)တိတိကို ဒုတိယအကြိမ် ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း၊ မြို့နယ် ပညာရေးမိသားစုမှ ပထမအကြိမ် အလှူငွေကျပ် (၅၀၀၀၀၀/−)တိတိကိုလည်း လှူဒါန်း ပေးခဲ့ပြီးဖြစ်ရာ ယခု အလှူသည် ဒုတိယအကြိမ် လှူဒါန်းမှု ဖြစ်ကြောင်းသိရသည်။
တာမွေမြို့နယ် ပညာရေးမိသားစုမှ လှူဒါန်းပေးသော အလှူငွေများအား မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် Community Based Facilities Quarantine Centre များတွင် လိုအပ်သည့် နေရာများ၌ ဖြည့်ဆည်း အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် တာမွေမြို့နယ်တွင် Community Based Facilities Quarantine Centre (၂)ခုနှင့် အနံ့ပျောက်၊ ဖျားနာလူနာများ ထားရှိသည့် Isolated Centre(၁)ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မို့မို့အောင်( ပြန်/ဆက်)