သံဖြူဇရပ် ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ် ပြန်ခြင်းကို ဇွန်၉ရက် နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ .က(၁)၊အ.ထ.က(၂)နှင့် အ.ထ.က(ကျိုက္ခမီ) ကျောင်းတို့၌ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်း(၁၀)ကျောင်း၊ အ.ထ.က -ခွဲ (၄)ကျောင်းရှိရာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၅၃၈)ဦး ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ကျောင်းသား/ ကျောင်းသူစုစု ပေါင်း(၄၀၀)ဦး၊ အောင်မြင်ခဲ့ကြောင်း ရသည်။
ဖြေဆိုအောင်မြင်ရာတွင် သံဖြူဇရပ်မြစုစုပေါင်း ဂုဏ်ထူးရရှိသူ ၆ ဘာသာ(၁)ဦး၊ ၅ဘာသာ (၃)ဦး၊ ၄ ဘာသာ (၅)ဦး၊ ၃ ဘာသာ(၁၅)ဦး၊ ၂ ဘာသာ(၃၂)ဦး၊ ၁ ဘာသာ(၁၁၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ (၁၇၂)ဦးရရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၇၄.၅၄) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)