ပင်လုံမြို့ ရပ်ကွက်(၂)၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ပင်လုံ    အောက်တိုဘာ  

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်()အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ကာလ ထောက်ပံ့ငွေများကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်()အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီး ဘိုးဘွား(၆၉)ဦးတို့အား လူမှုဝန်ထမ်းဦးစီးဌာန မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးများက ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀)ကျပ် စာဖြင့် သုံးသောင်းကျပ်တိတိကို ဘိုးဘွားများ လက်ဝယ်အရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ