ကမာရွတ်မြို့နယ်အသက် ၈၀ နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့

ကမာရွတ် အောက်တိုဘာ ၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်အကြား သက်ကြီးဘိုးဘွားများအား နိုင်ငံတော်၏ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို အောက်တိုဘာ ၇ ရက်နေ့က အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံံ့ခဲ့ကြောင်းသိရသည်။

ကမာရွတ်မြို့နယ် ရပ်ကွက် ၁၀ ရပ်ကွက် အတွင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ဘိုး/ဘွား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ဘိုး/ဘွား (၂၈၈)ဦး အတွက် ငွေကျပ် (၈,၆၄၀,၀၀၀)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)