ဒဂုံ အောက်တိုဘာ ၈
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီးရပ်ကွက်၊ အရှေ့ဈေးလမ်း ပြည်သူများအား Stay at Home ကာလ၌ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုကြရန် အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရခြင်းသည် ကိုဗစ်-၁၉ကူးစက်မှုနှုန်း ပိုမိုများပြားလာမှုကြောင့် ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ရေး ပစ္စည်း များကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကြေညာချက်များကို လိုက်နာကြရန အသိပညာပေးခြင်းများအပြင် နှာခေါင်းစည်း (Mask)ဖြန့်ဝေပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)