ကမာရွတ်မြို့နယ် အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအား ဆန်(၈) ပြည်လှူဒါန်း

ကမာရွတ် အောက်တိုဘာ ၈


ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာများ ပြားလာလျက်ရှိပြီး stay at home ကာလအတွင်း အလုပ်အကိုင်ပျက်၍ ဝင်ငွေနည်းပါးသူများနှင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ၏ စားသောက်ရေးအခက်အခဲများနှင့် ကြုံတွေ့လျက်ရှိရာ အဆိုပါပြည်သူများ စားသောက်ရေး ကိစ္စ အဆင်ပြေစေရေးအတွက် သိဒ္ဓိဝင်(ဆေးဆိုင်) မိသားစုများမှ  အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စား အခြေခံလူတန်းစားများအား တစ်အိမ် ထောင်လျှင် ဆန် (၈) ပြည်နှုန်းဖြင့် အိမ်ထောင်စု (၃၆၈)စုအား လှူဒါန်းခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)