လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ အိမ်ထောင်စု(၁၄၀)အား စားသောက်ကုန်များလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  အောက်တိုဘာ  ၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျစေရေးနှင့်  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် အပိုင်(၇)၊ အနော်ရထာလမ်းမကြီးပေါ်ရှိ ကုန်ပဒေသာ ဆန်ဆိုင်မှ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများ(၁၄၀)စုအတွက် ဆန်၊ ဆီနှင့် အချိုမှုန့်များ ကို ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင်  ကုန်ပဒေသာဆန်ဆိုင်မှ  လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများ(၁၄၀)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၃) ပြည်၊ ဆီ(၅၀)သား(၁)ဘူး၊ အချိုမှုန့် (၁)ထုပ်တို့အား ပေးအပ်လှူဒါန်းရာ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူပြီး မိမိတို့ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝိုင်းဝန်းကူညီပေးသော အလှူရှင်မိသားစုများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုပရဟိတအဖွဲ့များ၊ မြို့နယ်အတွင်းရှိ ပြည်သူများ ပူးပေါင်းကာ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)