မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ ပြသ

မိုင်းလုံ အောက်တိုဘာ ၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ ပြသခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်း ဆွေးနွေး ရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများပါဝင်သော UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးရုပ်ပုံ(၁၈)ပုံကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ပြသဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။

စန္ဒာ(မိုင်းလုံပြန်/ဆက်)