မုဒုံ အောက်တိုဘာ ၈
နိုဝင်ဘာ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း၌ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကြေညာထားမှု အခြေအနေ များကို ပြည်သူများသိရှိနိုင်စေရန်အတွက် ရွေးကောက်ပွဲဆိုက်ရာလက်ကမ်းစာစောင် များဖြန့်ဝေ ခြင်းတို့ကို ယနေ့နံနက်၁၀နာရီက မုဒုံမြို့ပေါ်ရှိစျေးများနှင့်လမ်းဆုံနေရာများ၌ သက်ဆိုင်ရာ တာဝန်ရှိသူများ တို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခိုင်ချိုချိုထက်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တို့က ဒုတိယ အကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုများ တွင် မိမိအမည်စာရင်းပါ၊ မပါသွား ရောက် ကြည့်ရှုစစ်ဆေးကြရန်၊ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ မှားယွင်းနေပါက သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြန်လည် ဖြည့်စွက်မှုများ ပြုလုပ်နိုင်ကြောင်း နှိုးဆော်အသိပေးခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေ သည့် နံရံကပ်ပိုစတာ များလိုက်လံကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)