ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အတွက် Lock down ချထားသော အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း

​ဒေါပုံ​ အောက်တိုဘာ ၈

 ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက်သ​င်္ဘောကျင်းပရဟိတလူငယ်များအဖွဲ့က ယမန်နေ့နေလယ်(၂)နာရီ အချိန်ကသွား ရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထို့သိုလှူဒါန်းရာတွင် Quarantine (၁၄)ရက်ပြန်ပြီး Home Quarantine နေရသည့် အတွက် စားဝတ် နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စု (၁) စုလျှင် ဆန်(၆)ပြည်၊ ဆီ(၁)ဘူး၊ ငါးသေတ္တာ(၅) ဘူး၊ ကြက်ဥ(၁၀) လုံး တို့ကို အိမ်ထောင်စု(၄)စု အတွက်ထောက်ပံ့ပေးပြီး ၊Quarantine Center ထပ်မံဖွင်လှစ်ရန်အတွက် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းအားပိုးသတ်ဆေးများသွား ရောက်ဖျန်းပေး ခဲ့ကြောင်းသိရသည်။

ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းပရဟိတလူငယ်များအဖွဲ့မှ  ဦးသီဟဝင်းက လှူဒါန်းပေး သောပစ္စည်းများသည် တစ်ရက်၊နှစ်ရက်စာသာဖြစ်ကြောင်းနှင့် နောက်ထပ် အိမ်ထောင်စု များတွင် မိသားစု အနည်းအများပေါ်​ အလိုက် လိုအပ်ချက်များကိုလည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားပါသည်။

သဲစုစုလွင်(ပြန်/ဆက်)