ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး အခြေခံပညာကျောင်း (၃၃)ကျောင်း၌ အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

ညောင်ဦး  ဇွန်  ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ ရေအုတ်ကန်များ၊ မိုးရေလှောင်ကန်များအတွင်း ခြင်သားပေါက်လောက် လောင်းများကင်းဝေးစေရန် အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပညာပေးလုပ်ငန်းများနှင့်လက်တွေ့ ကျောင်းသား၊ကျောင်းသူများ၊ဆရာ/မများနှင့်လုပ်ဆောင်ခြင်းအား ယနေ့နံနက် ၉နာရီခွဲအချိန်က အခြေခံပညာကျောင်းများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကင်းရှင်းရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ပေါက်ပွာနိုင်သော ရေစည်၊ ရေအိုး၊ ရေအုတ်ကန်များ၊ ကားတာယာ၊ ဆိုင်ကယ်၊ စက်ဘီတာယာဟောင်းများအတွင်း ရေတင်နေသည့်နေရာများအား အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် အခြေခံပညာ ဆရာ/မများ၊ ကျောင်းသား/သူများမှသွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဝေးဆေးရေးကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ အခြေခံပညာကျောင်း(၃၃) ကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း